ကကုသန်ဘုရား- ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမဆုံးပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ ခေမံပြည်မှာ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏေးမတို့၏ သားဖြစ်၏။ အရွယ်ရောက်သော သင့်မြတ်သော သတို့သမီးနှင့် လက်ထက်ထိမ်းမြား၏။ သားတော်ဥတ္တရကို ဖွားမြင်ပြီးနောက် လောကီစည်းစိမ်ကို စွန့်ပယ်ကာ တော်ထွက်တော်မူသည်။ ရှစ်လကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကုက္ကိုဗောဒိပင်ရင်းပင် သပ္ဗညုတဉာဏ်တော်တော်ကို ရ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့်နှစ်ပါးကား ရှင်ဝိုရနှင့် ရှင်သိဉ္စီဝတို့ဖြစ်သည်။ အလုပ်အကျွေး (တပည့်ကား) ရှင်ဗုဒ္ဓိဇောဖြစ်သည်။ ထိုမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်သည် အတော်လေးဆယ်ဖြစ်သည်။ သက်တော် အနှစ်သုံးသောင်း နှစ်ထောင်တွင် ခေမာရုံ၌ ပရိနိဗ္ဗာန်ပြုတော်မူရာ၊ ကြွင်းသောဓာတ်တော်အစုကို ဌာပနာ၍ တဂါဝုတ်မြင့်သော စေတီတော်ကို တည်ထားကိုးကွယ်ကြသည်။ ထိုအခါ လူတို့၏ သက်တမ်းမှာ ၄ သောင်းဖြစ်၏။
No comments:
Post a Comment