Wednesday, 4 December 2013

ကကတစ်


ကကတစ်ငါး- ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတမ်းတလျှောက်္ပ တွေ့ရသော အရေးကြီးသည့် စားငါး တမျိုးဖြစ်၍ လူသိများသည်။ ဤငါးသည် ပါဏဗေဒ အလိုအရ ငတောက်တူ၊ ကသမြင်း၊ ငစင်စပ် စသည်တို့နှင့်အတူ ‘ပါစီဒို’ အမျိုးရင်းတွင် ပါဝင်သည်။ ကကတစ်၏ ကိုယ်သည် ပြား၍ အနည်းငယ် ရှည်လျားသည်။ နှာတံတို၍ အောက်မေးရှေ့သို့ ငေါထွက်နေသည်။ ခေါင်း၏ဘေး တဖက်တချက်တွင် ကြီးမားသော မျက်လုံးနှစ်လုံးရှိသည်။ ကျောဆူးတောင်နှစ်ခုပါ၍ ရှေ့ဆူးတောင်တွင် မာကျောသော ဆူးရိုးများ ပါရှိသည်။ အမြီးမှာ ထိပ်ဝိုင်းမျိုးဖြစ်၏။ အကြေးများမှာ မကြီးမငယ်ဖြစ်၍ အနားကြမ်းအကြေးမျိုး ဖြစ်သည်။ ဤငါး၏ အရောင်မှာ ပွဲပြာရောဖြစ်၍၊ ကျောပိုင်းတွင် အစိမ်းရောင် ယမ်းပိုက်တစ်လျှောက်တွင် အဖြူရောင်သန်းနေသည်။ ကကတစ်သည် သာမန်အားဖြင့် တပေခွဲသာ ရှိသော်လည်း၊ တခါတရံ အရှည် ၅ အလေးချိန် ၅၅ ပိဿာခန့်အထိ ရှိနိုင်သည်။ ဤငါး၏ စားဖောင်းများမှ အတော်အသင့် ကောင်းမွန်သော ငါးစည်ဖောင်းကော်ကို ပြုလုပ်ရရှိနိုင်သည်ဟု သိရသည်။

မြန်မာ့စွယ်စုံကျမ်း

No comments:

Post a Comment